A d v e r t i s e m e n t With Us

သံချပ် ၁၆ ဖွဲ့စာသားခွင့်ပြုချက်တင်

လာမယ့် သင်္ကြန်ကာလအတွင်း သံချပ်ထိုးမယ့် အဖွဲ့ ၁၆ ဖွဲ့ဟာ သူတို့ သံချပ်ထိုးမယ့် စာသားတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ တင်ပြထားကြတယ်လို့ အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ကိုငြိမ်းချမ်းက ဒီဗွီဘီကို ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ သင်္ကြန်ကာလ သံချပ်ထိုးမယ့် အဖွဲ့တွေအနေနဲ့ ကိုယ်သံချပ်ထိုးမယ့် စာသားတွေကို ကြိုတင်ခွင့်ပြုချက် ရယူဖို့ အမိန့်ထုတ်ထားပြီး လာမယ့် မတ် ၂၅ ရက်နေ့အထိ အချိန်ပေးထားပါတယ်။ သံချပ်အဖွဲ့တွေက တင်ပြလာတဲ့ စာသားတွေကို ကော်မတီ အစည်းအဝေးထိုင်ပြီး စိစစ် ခွင့်ပြုမယ်လို့ ကိုငြိမ်းချမ်းက ပြောပါတယ်။ အချို့ သံချပ်ထိုးမယ့် အဖွဲ့တွေကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်တာကို လက်မခံဘဲ ကိုယ့်ဘာသာကိုယ် သံချပ်ထိုးကြမယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up