ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ ဟော့ပေါ့ဆိုင် မီးလောင်
DVB
·
March 8, 2020
ဒီကနေ့ မနက် ၅ နာရီ ၂၄ မိနစ် ဝန်းကျင်က ရန်ကုန်၊ ကျောက်တံတားမြို့နယ် (၄)ရပ်ကွက် ကုန်သည်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့် အောက်ဘလောက်မှာရှိတဲ့ ဟော့ပေါ့ဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် Level 3 ယာဉ်အုပ်စုတွေ ထွက်ခွာ ငြိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မီးလောင်မှုကို မနက် ၆ နာရီ ဝန်းကျင်လောက်မှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံး စာရင်းကိုတော့ မသိရသေးပါဘူး။