ကျောက်ပန်းတောင်းတွင် ယာဉ်တိုက်မှုကြောင့် ဆဋ္ဌမတန်းကျောင်းသား သေဆုံး
DVB
·
March 7, 2020
ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဦးကျေးရွာအနီး မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်း မိုင်တိုင်အမှတ် ၃၃/၁ အနီးမှာ မနေ့ မွန်းလွဲပိုင်းက ယာဉ်တိုက်မှုကြောင့် ဆဋ္ဌမတန်းကျောင်းသားတဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ လက်ပံပျား နယ်မြေစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ လမ်းဘေးမှာ ရပ်ထားတဲ့ MITSUBISHI B အမျိုးအစား အိမ်စီးကားအား ကျော်ကျော်နိုင် မောင်းလာတဲ့ ဆိုင်ကယ်က ကားဘက်မှန် ဝင်တိုက်ပြီးနောက် ကားလမ်းတဖက် ရောက်သွားပြီး ဆဋ္ဌမတန်းကျောင်းသား ကျော်ကျော်နိုင် (အသက် ၁၂ နှစ်) ကို ဝင်တိုက်မိတာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာပါ။
ဒါ့အပြင် လားရာတူဘက်က မောင်းလာတဲ့ ဆိုင်ကယ်ကိုလည်း ဝင်တိုက်ခဲ့တာကြောင့် ကျောင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး လမ်းဘေးရပ် မော်တော်ယာဉ်မောင်းနဲ့ ဆိုင်ကယ်မောင်းသူ နှစ်ဦးကို ယာဉ်မဆင်မခြင်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုတို့နဲ့ လက်ပံပျား နယ်မြေစခန်းမှာ အရေးထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)