ဘရာဇီး တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟို ပတ်စ်ပို့အတုဖြင့် ပါရာဂွေးတွင် ဖမ်းဆီးခံရ

Reuters
776
ဘရာဇီးလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုဟာ ပတ်စ်ပို့အတုကိုင်ဆောင်မှုနဲ့ ပါရာဂွေးနိုင်ငံမှာ မတ်လ ၆ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။
ပါရာဂွေးရဲတပ်ဖွဲ့ရဲ့ စုံစမ်းရေးဌာနအကြီးအကဲက ရော်နယ်ဒင်ဟိုနဲ့ သူ့အကို ရောဘတ်တိုအဆစ်တို့ကို တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးနောက် သူတို့တည်းခိုရာ ရှာရတန်ဟိုတယ်ကနေ ပါရာဂွေးနိုင်ငံ အဆာစီယွန်မြို့ပြင်က ရဲဌာနမှာ ချုပ်နှောင်ဖို့ ခေါ်ယူထားတယ်လို့ ပြောပါတယ်။
သူတို့နှစ်ဦးကို ရှေ့နေက အခြားပြစ်ဒဏ်ပြောင်းလဲချမှတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ တရားသူကြီးက ပယ်ချခဲ့တာကြောင့် ချုပ်နှောင်ထားတာလို့ သိရပါတယ်။
ရိုနယ်ဒင်ဟိုနဲ့ အကိုဖြစ်သူ ရော်ဘတ်တို အဆစ်တို့ဟာ ပါရာဂွေးကို မတ်လ ၄ ရက်နေ့က ရောက်လာခဲ့ပြီး၊ သူတို့ကိုင်ထားတဲ့ပတ်စ်ပို့ဟာ အတုဖြစ်နေတာမို့ ရဲက စစ်ဆေးမေးမြန်းရာမှ အခုလို ဖမ်းဆီးခံလိုက်ရတာလို့ အေပီသတင်းက ဖော်ပြပါတယ်။