ကမ္ဘာ့စီးပွားရေးတိုးတက်မှု ၂၀၁၉ ခုနှစ်ထက် ၂.၉ ရာခိုင်နှုန်းအောက် လျော့နည်းမည်ဟု IMF ခန့်မှန်း

၂၀၂၀ ကမ္ဘာ့စီးပွားရေးတိုးတက်မှုဟာ ၂၀၁၉ ထက် ၂ ဒသမ ၉ ရာခိုင်နှုန်းအောက် လျော့နည်းမယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းထားပါတယ်။  ဒီခန့်မှန်းချက်ဟာ တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု လျော့ကျတာကို အခြေခံခန့်မှန်းထားတဲ့  ၃ ဒသမ ၃ ရာခိုင်နှုန်းထက် ၀ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျခဲ့တာပါ။    စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်တွေကို လာမယ့် သီတင်းပတ်တွေမှာ IMF က ထုတ်ပြန်သွားမှာပါ။  ကိုရိုနာဗိုင်းရပ်စ် အမြန်ပျံ့နှံ့လာတာက ၂၀၂၀ မှာ ကမ္ဘာ့စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ကွယ်ပျောက်စေလိမ့်မယ်လို့ IMF ညွှန်မှူးက ပြောခဲ့ပါတယ်။  IMF အဖွဲ့ဝင်နိုင်ငံ သုံးပုံတပုံဟာလည်း အခုဆို ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်နေတယ်လို့ ညွှန်မှူး ခရစ္စတယ်လီနာ ဂျော်ဂျီယာဗာက ပြောလိုက်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် အမြန်ကူးစက်နေတာက ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေမလား ဆိုတာကိုတော့ ခရစ္စတယ်လီနာက ပြောဖို့ ငြင်းခဲ့ပါတယ်။  ဒါပေမဲ့ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးနဲ့ လူသားတွေအပေါ် သက်ရောက်တာကို ကန့်သတ်ထိန်းညှိဖို့အတွက် ညှိနှိုင်းဆောင်ရွက်မှု  အရေးကြီးပုံကို IMF ညွှန်မှူးနဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌတို့က အလေးထား ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးမှာ ဆင်းရဲတဲ့နိုင်ငံတွေကို အကူအညီပေးဖို့ IMF ဟာ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ပေးအပ်သွားမယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up