မက်ဆာချုးဆက်အထက်လွှတ်တော်အမတ် သမ္မတလောင်းရွေးပွဲမှ နုတ်ထွက် 

လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရတ်တစ်ပါတီသမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံတော့မှာမဟုတ်ဘူးလို့ မက်ဆာချုးဆက်ပြည်နယ်အထက်လွှတ်တော်အမတ် အယ်လီဇဘတ်ဝါရင်က မတ်လ ၅ ရက်မှာ  ပြောပါတယ်။  ဘာနေးဆန်းဒါး၊ ဂျိုးဘစ်ဒန်တို့နဲ့ ယှဉ်ပြိုင်ဘက် ဝါရင်ဟာ ဒီမိုကရတ်ပါတီရဲ့ အစောပိုင်း အဆင့်မဲဆန္ဒနယ်မြေတွေမှာ ထောက်ခံမှုမရဘဲ သူရဲ့ပြည်နယ် မက်ဆာချုးဆက်မှာလည်း တတိယ နေရာသာရခဲ့တဲ့အတွက် သမ္မတလောင်းရွေးပွဲကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။  ဒါဟာ ဗုဒ္ဓဟူးနေ့က  အလားတူရလဒ်တွေ ကြုံခဲ့ရတဲ့ နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ် နှုတ်ထွက်ပြီးနောက် ဒုတိယမြောက်သမ္မတကိုယ်စားလှယ်လောင်း တဦး ပြိုင်ပွဲကနေ နုတ်ထွက်သွားတာပါ။  အသက် ၇၀ ရှိနေပြီဖြစ်တဲ့ မစ္စဝါရင်ဟာ နိုင်ငံရေးမှာ ငွေကြေးလွှမ်းမိုးနေမှု၊ သေနတ်ကိုင်ဆောင်မှုထိန်းချုပ်ရေး၊ ရာသီဥတုပြုပြင် ပြောင်းလဲရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွေကို အဓိကထား မဲဆွယ်စည်းရုံးခဲ့ပြီး ဒီမိုကရတ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့တာပါ။ လက်ရှိမှာတော့ မစ္စဝါရင် သမ္မတလောင်းရွေးကောက်ပွဲကနေ နုတ်ထွက်သွားတာမို့ ဒီမိုကရတ်ပါတီရဲ့သမ္မတလောင်းနေရာအတွက် အဓိကပြိုင်ဘက်တွေအဖြစ် ဂျိုးဘစ်ဒန်နဲ့ ဘာနေးဆန်းဒါးတို့ပဲ ကျန်တော့တယ်လို့  ရိုက်တာသတင်းက ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up