ဘန်လေ၊ လိုက်ဇစ်တို့နှင့်ပွဲ တပွဲသာ အကောင်းဆုံးကစားနိုင်မည်ဟု စပါးနည်းပြပြော

Reuters
722
ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ချန်ပီယံလိဂ်ပွဲစဉ် လိုက်ဇစ်နဲ့ ပွဲတွေထဲက တပွဲကိုပဲ အကောင်းဆုံး ကစားနိုင်မယ်လို့ စပါးနည်းပြမော်ရင်ဟိုက ပြောပါတယ်။
စပါးနည်းပြမော်ရင်ဟိုဟာ အသင်းရဲ့ ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မတ် ၇ ရက်နေ့ ကစားရမယ့် ဘန်လေနဲ့ မတ် ၁၁ ရက် ကစားမယ့် လိုက်ဇစ်နဲ့ ပွဲစဉ်ထဲက တပွဲကို ရွေးချယ်ဖို့အတွက် အသင်းဘုတ်အဖွဲ့ထံ တင်ပြထားတယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။
စပါးအသင်းမှာ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွမ်ဟောင်မင်တို့ ဒဏ်ရာရနေပြီး ကွင်းလယ်ကစားသမား ဆစ်ဆိုခိုနဲ့ ဂိုးသမား လိုရစ်တို့ဟာလည်း ဒဏ်ရာကြောင့် မကစားနိုင်သေးပါဘူး။
ဘန်လေနဲ့ လိုက်ဇစ်ပွဲတွေကို ၃ ရက်အတွင်း ၂ ပွဲကစားရမှာဖြစ်တဲ့အတွက် တပွဲကိုပဲ အကောင်းဆုံး ကစားနိုင်မယ်လို့ မော်ရင်ဟိုက ကတိပေးထားတယ်လို့ သိရပါတယ်။