ပြင်သစ်တွင် မြန်နှုန်းမြင့်ရထားတစီး လမ်းချော်၊ လူ ၂၀ ခန့် ဒဏ်ရာ

Reuters
892
ပြင်သစ်နိုင်ငံအရှေ့ပိုင်းမှာ မတ် ၅ ရက်နေ့က မြန်နှုန်းမြင့် TGV ရထားတစီး လမ်းချော်ခဲ့တာကြောင့် လူ ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီရထားဟာ စထရက်ဘို့မြို့နဲ့ ပဲရစ်မြို့ကြား ပြေးဆွဲနေတာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက ရထားမောင်းသူ ဒဏ်ရာပြင်းထန်ပြီး ရဟတ်ယာဉ်နဲ့ အရေးပေါ် ပို့ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင် ရထားကုမ္ပဏီ SNCFက တွစ်တာမှာ ပြောခဲ့ပါတယ်။
ရထားပေါ်မှာ ခရီးသည် ၃၄၈ ဦး လိုက်ပါလာတယ်လို့လည်း သိရပါတယ်။
ရထားလမ်းချော်မှုဟာ ရာဟမ်ဒေသ အင်ဂနိုင်အရပ်အနီးမှာ ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အမြန်သွားရောက်ခဲ့တယ်လို့ ဒေသအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရထားလမ်းချော်တာကြာင့် တခြားရထားတွေကို လမ်းကြောင်းပြောင်း ပြေးဆွဲခဲ့ရပြီး ပို့ဆောင်ရေးပိုင်း ပြတ်တောက်တာတွေ မရှိဘူးလို့ SNCF ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။