ဒေါ်အောင်ဆန်းစုကြည် ကန်ပေါက် Total စီမံကိန်းကို သွားရောက်
DVB
·
March 18, 2013
ဒေါ်အောင်ဆန်းစုကြည်ဟာ ထားဝယ် ကန်ပေါက်ဒေသကို မတ် ၁၇ ရက် မနက်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ရောက်ရှိလာပြီး Total E&P Myanmar ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကို သွားရောက်ခဲ့ပါတယ်။
ကန်ဘောက်ဒေသခံရွာသားတွေက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့နဲ့ လျှပ်စစ်မီး အချိန်မှန် ရရှိဖို့ကို တောင်းဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို သွားရောက်စစ်ဆေးပြီး ညနေပိုင်း ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။
(ဓာတ်ပုံ- ကျော်ဦး) Read more