ရွှေ့ပြောင်းသူများ  ဂရိကို ဝင်မလာစေရေး နယ်စပ်ပိတ်

Reuters
ရွှေ့ပြောင်းဒုက္ခသည်တွေ ဥရောပဘက်ထွက်သွားနိုင်အောင်  နယ်စပ် ဝင်ထွက်ပေါက်တွေကို တူရကီက ဖွင့်လှစ်ခဲ့ပြီးနောက် ရွှေ့ပြောင်းသူတွေ ဝင်မလာနိုင်အောင် ဂရိက သူ့နယ်စပ်တွေ ပိတ်ဆို့ခဲ့ပါတယ်။  ဂရိရဲ့လုပ်ရပ်ကို ထောက်ခံကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌက မတ် ၃ ရက်မှာ ထုတ်ပြော လိုက်ပါတယ်။ “ကျနော်တို့နယ်စပ်တွေက အခြေအနေဟာ  ဂရိပြဿနာတခုတည်းကို ကိုင်တွယ်ဖို့ မဟုတ်ပါဘူး။ ဒါဟာ ဥရောပတခုလုံးရဲ့တာဝန်ပိုင်းလည်း ဖြစ်ပါတယ်” လို့ သူက ‌ပြောပါတယ်။  ဥရောပသမဂ္ဂ EU ဟာ ဂရိကို ယူရိုသန်း ၇၀၀ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဒီအထောက်အပံ့တွေနဲ့ နယ်စပ်စောင့်ကြည့်ရေးအဖွဲ့တွေ၊ ပင်လယ်ရေကြောင်း ကင်းလှည့်ရေ ယာဉ်တွေ၊ လေယဉ်တွေနဲ့ မော်တော်ယဉ်တွေကို ဂရိနယ်စပ်မှာ တပ်ချထားရေးအတွက် အသုံးချဖို့ ရည်ရွယ်တယ်လို့ သူက ပြောပါတယ်။   ဂရိဝန်ကြီးချုပ်ကလည်း တူရကီနိုင်ငံဘက်က ရွှေ့ပြောင်းဒုက္ခသည်တွေကို ဥရောပဘက် လွှတ်ပေးနေတာဟာ ဆီးရီးယားအခြေအနေ ဆိုးရွားနေတာကို အာရုံလွှဲဖို့ လုပ်တာသာဖြစ်ပြီး ရွှေ့ပြောင်းအခြေချသူတွေနဲ့ ဒုက္ခသည်တွေကို ပထဝီနိုင်ငံရေးဆိုင်ရာ ကစားပွဲထဲ နယ်ရုပ်လေးတွေ အဖြစ် မသုံးသင့်ဘူးလို့ ဝေဖန်ထားပါတယ်။  ဥရောပကော်မရှင် ဥက္ကဌကလည်း တူရကီအနေနဲ့ EU နဲ့ ၂၀၁၆ က သဘောတူထားတဲ့ စာချုပ်ကို လေးစားလိုက်နာသင့်တယ်လို့ ပြောပါတယ်။  စာချုပ်အရ တူရကီက သူ့နယ်မြေကိုဖြတ်ပြီး ဥရောပထဲဝင်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ကို ထိန်းချုပ်ပေးထားရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် EU ကလည်း တူရကီကို ယူရိုဘီလျံပေါင်းများစွာ ထောက်ပံ့ပေးသွားမှာပါ။  ဒီအတွင်း ဆီးရီးယားရဲ့ အီဒလစ်ဒေသမှာ ရုရှားပါဝင်ကူညီတဲ့ စစ်ဆင်ရေး တွေကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လူ ၁ သန်းလောက်ဟာ တူရကီရဲ့တောင်ဘက်ပိုင်း နယ်စပ်တွေမှာ ဒီဇင်ဘာလောက်ကတည်းက ပိတ်မိနေပါတယ်။  ရုရှားဘက်ကတော့ EU အတွက် ရွှေ့ပြောင်းတွေ ဝင်ရောက်မှုပြဿနာကို အပြည့်အဝနား လည်ပေမဲ့  အီဒလစ်ဒေသတွင်း အကြမ်းဖက်ဝါဒနှိမ်နင်းရေးတိုက်ပွဲတွေကိုတော့ ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up