ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရန် အီတလီ စာသင်ကျောင်းများ ပိတ်မည်

Reuters
1.2K
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် နိုင်ငံတဝန်း စာသင်ကျောင်းတွေအားလုံးကို မတ်လ ၆ ရက်နေ့ကစလို့ ၁၀ ရက်ကြာ ပိတ်ထားတော့မယ်လို့ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။
ဒါ့အပြင် အီတလီမှာ စီးရီးအေဘောလုံးပွဲတွေအပါအဝင် အားကစားပြိုင်ပွဲအားလုံးကိုလည်း တလကြာအောင် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားကြဖို့ စီစဉ်ထားပါတယ်။
အီတလီဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံဖြစ်နေပြီး လူပေါင်း ၁၀၇ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
အီတလီရဲ့ ဗိုင်းရပ်စ်ဖြစ်ပွားမှု ၃၀၀၀ ကျော်ေ မြောက်ပိုင်းဒေသတွေမှာဖြစ်ပေမဲ့ အခြားပြည်နယ်တွေမှာလည်း ဖြစ်နေတာမို့ ဒေသ ၂၀ ခုမှာ ၁၉ ခုကတော့ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်နေကြောင်း အတည်ပြုထားပါတယ်။
အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းလည်း ထိခိုက်နေပြီး ခရီးသွားကဏ္ဍမှာ ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံလောက် ဆုံးရှုံးနစ်နာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။