မကွေးမြို့ သင်ကြားရေးဆေးရုံ၌ ကိုရိုနာဗိုင်းရပ်သံသယလူနာများအတွက် ကြိုတင်ပြင်ဆင်
DVB
·
March 5, 2020
ကိုရိုနာဗိုင်းရပ် သံသယလူနာတွေ့ရှိပါက စနစ်တစ်ကျ ကြပ်မတ်ကုသနိုင်ဖို့အတွက် မကွေးတိုင်း၊ မကွေးမြို့ သင်ကြားရေးဆေးရုံကြီးမှာ ကြိုတင်ပြင်ဆင်ထားပြီး မနေ့က CCTV ကင်မရာတွေ တပ်ဆင်ခဲ့တယ်လို့သိရပါတယ်။
သင်ကြားရေးဆေးရုံ တာဝန်ရှိသူတဦးက "အထူးကြပ်မတ်ကုသဆောင်တစ်ခုမှာ CCTV ကင်မရာ ၈ လုံးတပ်ဆင်တာပါ။ တကယ်လို့ ရောဂါဝေဒနာရှင်တွေ့လာပြီဆိုရင် သီးသန့်ထားရှိပြီး ဝတ်စုံနဲ့ ဝင်ရောက်ရမှာဖြစ်ပြီး အထက်လူကြီးတွေလာရင် Contro Room ကနေ စောင့်ကြည့်ရမှာဖြစ်လို့ TV မော်နီတာနဲ့ သီးသန့်အနီးကပ် ရိုက်ပေးထားပြီး အသံစနစ် ကောင်းမွန်အောင် လုပ်ဆောင်ထားတယ်"လို့ပြောပါတယ်။
တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease-2019)မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမရှိစေဖို့ ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကာ တိုင်ကြားရမယ့် ကူးစက်မြန်ရောဂါဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်စာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး