Homeမေးမြန်းခန်း
ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်မယ့် ဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ် – ရှေ့နေ ဦးကိုနီ
ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်မယ့် ဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ် – ရှေ့နေ ဦးကိုနီ
အေးနိုင်
·
March 15, 2013
ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် သူရဦးအေးမြင့်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ပြီး အဲဒီအဆိုကို ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ဆောင်ရွက်ဖို့ လွှတ်တော်က သဘောတူဆုံးဖြတ်ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်အပေါ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရေးသားဟောပြောနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ က ကြိုဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့အတွက် တကယ်လွတ်လပ်တဲ့ကော်မတီတွေ ဖြစ်ဖို့နဲ့ အခန်း ၁၂ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်မလဲ’ ဆိုတဲ့ ပြဋ္ဌာန်းချက်ကို အရင်ဦးဆုံး ပြင်ဆင်ရမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။
ဦးကိုနီနဲ့ ဆက်သွယ် မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။