နိုင်ငံဝန်ထမ်းများကို လစာ ၂ သောင်း တိုးပေးမည်
DVB
·
March 15, 2013
နိုင်ငံဝန်ထမ်းတွေကို လက်ရှိခံစားနေတဲ့ လစာငွေအပြင် ထပ်မံပြီး ၂ သောင်းကျပ် တိုးမြှင့်ပေးတော့မယ်လို့ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် လက်ရှိအစိုးရ၀န်ထမ်းတွေ လက်ရှိခံစားနေရတဲ့ အပိုထောက်ပံ့ကြေး၊ ဒေသစရိတ် တွေကိုလည်း ပြောင်းလဲမှု မရှိဘဲ ဆက်လက်ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတော်ရဲ့ အမြဲတမ်းဝန်ထမ်းပေါင်း ၁ သန်းနဲ့ ၂ သိန်း ခန့်၊ နေ့စားဝန်ထမ်းဦးရေ ၇ သောင်း ၄ ထောင်ခန့်နဲ့ အငြိမ်းစားဝန်ထမ်းဦးရေ ၇ သိန်း ၆ သောင်း ခန့်တို့အတွက် ခန့်မှန်းလျာထားငွေ ကျပ် ၃၈၅ . ၆၈၂ ဘီလီယံ ကုန်ကျသွားမှာဖြစ်ပါတယ်။