ဆောမြို့နယ်တွင် ရှေးဟောင်းပစ္စည်းဟုယူဆရသည့် ကြေးလင်ပန်း ၁၂ ချပ်တွေ့ရှိ
DVB
·
March 2, 2020
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်က ရင့်ရဲကျေးရွာမှာ ကျေးရွာဖွံ့ဖြိုးရေးအတွက် ရေမြောင်းတူးဖော်ရာမှ ရှေးဟောင်းပစ္စည်းလို့ ယူဆရတဲ့ ကြေးလင်ပန်း ၁၂ ချပ်တွေရှိခဲ့တယ်လို့ ကျောက်ထုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
လူထုဗဟိုပြု CDD စီမံကိန်းက ရွာသစ် ကျေးရွာအတွင်း ရေမြောင်းတူးဖော်ရာကနေ တွေ့ရှိခဲ့တာလို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။
၁၅ လက်မအရွယ် ၂ ချပ်၊ ၁၄ လက်မ ၄ ချပ်၊ ၁၃ လက်မ အရွယ် ၃ ချပ်၊ ၁၂ လက်မ ၃ ချပ်စု စုပေါင်း ပေါင်း ၁၂ ချပ် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ကျေးလင်ပန်း အားလုံး အလေးချိန် စုစုပေါင်း ၈ ပိဿာခွဲလောက်ရှိပြီး အဲဒီကျေးရွာက အုပ်ချုပ်ရေးမှူးထံမှာ သိမ်းဆည်းထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားလူဝင်ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန ဝန်းကြီးထံ တင်ပြထားကာ လာရောက်ကြည့်ရှု စစ်ဆေးသွားမယ်လို့ သိရပါတယ်။
အဆိုပါပစ္စည်းတွေကို ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းက တူးဖော်တွေ့ရှိခဲ့တာ။ ရင့်ရဲကျေးရွာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ လောက် တည်ဆောက်ခဲ့တလို့ သိရပါတယ်။
ကိုလင်း(ချောက်)