စေတုတ္တရာမြို့တွင် မြေငလျင်လှုပ်ခတ်
DVB
·
March 1, 2020
မကွေးတိုင်း စေတုတ္တရာမြို့ရဲ့ အနောက်တောင်ဘက်မှာ မနေ့ညက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၁၃ မိနစ်၊ ၂၂ စက္ကန့် အချိန်မှာ စစ်တွေမြေငလျင်စခန်းကနေ အရှေ့-အရှေ့မြောက်ဘက် ၇၅ မိုင် ခန့်ကွာဝေးသော၊ စေတုတ္တရာမြို့ရဲ့အနောက်တောင်ဘက် ၁၇ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၃၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၀၃ ဒီဂရီ၊ အနက် ၂၉ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။