လီဗာပူး ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန် ကျိုးပျက်၊ ချဲလ်ဆီး သရေကျ (ရုပ်သံဟိုက်လိုက်)

1.3K
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဇယားထိပ်ဆုံးက လီဗာပူးအသင်း ဝက်ဖို့ဒ်ကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အခုရာသီ ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားပါတယ်။
ဝက်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာတော့ လီဗာပူးအသင်းက အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာ ဝက်ဖို့ဒ်က အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။
ဝက်ဖို့ဒ်အသင်းအတွက် ဂိုးတွေကို ပွဲချိန် ၅၄၊ ၆၀ နဲ့ ၇၂ မိနစ်နှစ်မှာ အစ်မေးလာက ၂ ဂိုးနဲ့ ဒီးနေက ၁ ဂိုးသွင်းယူခဲ့ပြီး ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ က ချဲလ်ဆီးအသင်းကတော့ ဘုန်းမောက်အသင်းရဲ့ အိမ်ကွင်းမှာ ၂-၂ ဂိုး သရေရရှိခဲ့ပါတယ်။
ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူကစားခဲ့ပြီး ဘုန်းမောက်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းချုပ်နိုင်ခဲ့လို့ ဂိုးတွေ ခွင့်ပြုခဲ့ရတာပါ။
ဧည့်သည် ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို အခုနောက်ပိုင်း ခြေစွမ်းပြနေတဲ့ အလွန်ဆိုက ပွဲချိန် ၃၃ မိနစ်မှာ သွင်းယူခဲ့တာပါ။ ဘုန်းမောက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၅၄ မိနစ်မှာ ဂျက်ဖာဆန်က သွင်းယူခဲ့ကာ ဦးဆောင်ဂိုးကို ၅၇ မိနစ်မှာ ဂျိုရှုဟွာက သွင်းယူခဲ့ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့်ရရေးအတွက် ကြိုးစားနေတဲ့ ချဲလ်ဆီးအတွက် သရေ ၁ မှတ်ရရှိမဲ့ ချေပဂိုးကိုတော့ ပွဲချိန် ၈၅ မိနစ်မှာ အလွန်ဆိုကပဲ သွင်းယူခဲ့ပြီး တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။
ပရီးမီးယားလိဂ် အခြားပွဲစဉ်တွေမှာတော့ ခရစ္စတယ်ပဲလေ့စ်က ဘရိုင်တန်ကို ၁ ဂိုး ဂိုးမရှိ၊ နယူးကာဆယ်နဲ့ ဘန်လေက ဂိုးမရှိသရေ၊ ဝက်စ်ဟမ်းက ဆောက်သမ်တန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။