ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင်းပင်း တရုတ်သမ္မတအဖြစ် တင်မြှောက်ခံရ

မစ္စတာ ရှီကျင်းပင်း (ဓာတ်ပုံ - ရုိက်တာ)
3.4K
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီခေါင်းဆောင် မစ္စတာ ရှီကျင်းပင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ဒီနေ့ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။
[caption id="attachment_37415" align="alignleft" width="300" caption="မစ္စတာ ရှီကျင်းပင်း (ဓာတ်ပုံ - ရိုက်တာ)"]
[/caption]
ဒါဟာ ၁၉၄၉ ခုနှစ်ကတည်းက ကွန်မြူနစ်ပါတီ အာဏာရခဲ့ပြီးနောက် ဒုတိယအကြိမ် အစီအစဉ်တကျ နိုင်ငံရေးအာဏာ ဆက်ခံလိုက်တာပါ။
ပေကျင်းမြို့တော်က ဂရိတ်ဟောလ်မှာ ကျင်းပတဲ့ ပါလီမန်အစည်းအဝေးမှာ အမျိုးသားကွန်ဂရက်က ရှီကို အစီအစဉ်အတိုင်း ဆန္ဒမဲပေးပြီးနောက်မှာ ရွေးချယ်လိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အသက် ၅၉ နှစ်အရွယ် ရှီကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကပဲ တကယ့်အာဏာ ကိုင်စွဲရာ ပါတီနဲ့ စစ်တပ်အကြီးအကဲအဖြစ် ခန့်အပ်ထားပြီးသား ဖြစ်ပါတယ်။
၅ နှစ် သမ္မတသက်တမ်း ၂ ကြိမ် ဆက်တိုက်ထမ်းဆောင်ခဲ့တဲ့ အသက် ၇၀ အရွယ် ဟူကျင်တောင်းက ရှီကျင်းပင်းဆီ ရာထူး၊ အာဏာနဲ့ တာဝန်ကို လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး၊ ဒုသမ္မတအဖြစ် လီယွမ်ချောင်ကိုလည်း ရွေးကောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဝမ်ကျားပေါင် နေရာကိုတော့ ဒုဝန်ကြီးချုပ် လီကယ်ချန်းက ဆက်ခံဖို့ ရှိပါတယ်။ တရုတ်ပြည်သူတွေကတော့ ရှီဟာ ကမ္ဘာ့ ဒုတိယစီးပွားရေးအကောင်းဆုံး ဖြစ်လာတော့မယ့် တရုတ်နိုင်ငံကို အပြောင်းအလဲတွေ ဆောင်ယူပေးလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါပေမယ့် အရင်သမ္မတ ဟူနဲ့ အရင်ဝန်ကြီးချုပ် ၀မ်တို့ အုပ်ချုပ်ခဲ့တဲ့ ကာလက ၀င်ငွေ သိသိသာသာ မညီမျှမှု၊ အကျင့်ပျက်ခြစားမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ကြုံနေရဆဲဖြစ်ပါတယ်။