ရန်ကုန်မြို့တွင် ၁၀ ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ် ဖွင့်လှစ်
DVB
·
February 29, 2020
ရန်ကုန်မြို့ရဲ့ ၁၀ ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်ကို ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်းအောက်ဘလောက်မှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။
နောက်ဖေးလမ်းကြားမှာတော့ မြန်မာမှုအနုပညာပန်းချီလက်ရာတွေကို ရေးဆွဲပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
အဲဒီနောက်ဖေးလမ်းကြားကိုတော့ ဇူလိုင်လကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒို့အိမ်အဖွဲ့က ဦးဆောင်ကာ ရန်ကုန်မြို့တော်စည်ပင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပန်းချီအနုပညာရှင်တွေ၊ ရပ်ကွက်နေပြည်သူတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
မြို့တွင်းမှာ နေထိုင်တဲ့ အများပြည်သူတွေအတွက် အပန်းဖြေနေရာရရှိရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ ပပျောက်စေဖို့အတွက် နောက်ဖေးလမ်းကြားဥယျာဉ်တွေကို အကောင်အထည်ဖော် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈ ထောင် ကုန်ကျခဲ့တာလည်းဖြစ်ပါတယ်။
လာမယ့်အပတ်မှာလည်း ၃၁ လမ်းနဲ့ ၃၂ လမ်း၊ အောက်ဘလောက် နောက်ဖေးလမ်းကြားဥယျာဉ်ကို ထပ်မံဖွင့်လှစ်သွားမယ်လို့ တို့အိမ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
သူဇာလင်း