ကိုရိုနာဗိုင်းရပ်အန္တရာယ်ကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲကို ရိုက်ခတ်လာနိုင်

801
ကိုရိုနာဗိုင်းရပ်အန္တရာယ်ကြောင့် ၂၀၂၀ ယူရိုပြိုင်ပွဲကိုပါ ရိုက်ခတ်မှုရှိလာနိုင်တယ်လို့ သိရပါတယ်။
၂၀၂၀ ယူရိုပြိုင်ပွဲကို ဇွန် ၁၂ ရက်ကနေ ဇူလိုင် ၁၂ ရက်အထိ ဥရောပမြို့ကြီး ၁၂ မြို့မှာ လက်ခံကျင်းပသွားမှာပါ။
လက်ရှိဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါကြောင့် ဘောလုံးပွဲတွေပါ ရွှေ့ဆိုင်းထား ရပြီး ကွင်းပိတ်ကစားနေရတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေတာပါ။
အီတလီ စီးရီးအေပွဲစဉ်တွေ ပွဲရွှေ့ဆိုင်းထားတာတွေရှိနေပြီး အင်တာမီလန်အသင်းဟာလည်း လူဒိုဂိုရက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ကွင်းပိတ်ကစားခဲ့ရပါတယ်။
ယူရို ၂၀၂၀ ပြိုင်ပွဲဟာလည်း လေးလလောက် လိုသေးပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လက်ရှိအတိုင်းသာ ဆက်လက်ပျံ့နှံ့ နေမယ်ဆိုရင် ယူရိုပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်ရဖို့ ရှိနေတာဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတဦးကတော့ စောင့်ဆိုင်းနေဆဲ အချိန်ကာလသာ ဖြစ်ပြီး ကူးစက်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာရင်တော့ ၂၀၂၀ ယူရိုပြိုင်ပွဲအပေါ် ရိုက်ခတ်မူရှိနိုင် တယ်လို့ ပြောပါတယ်။