Home
မြန်မာသတင်း
ထိုင်းနှင့်ဗီယက်နမ်ကဲ့သို့ လယ်သမားများ အာမခံချက်ရရန် အစိုးရကို တိုက်တွန်းမည်
ရွှေအောင်
·
March 14, 2013
ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်တို့လို လယ်သမားတွေအတွက် အာမခံချက်ပေးပြီး စပါးဝယ်ဖို့ အစိုးရကို တိုက်တွန်းလုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောပါတယ်။ မတ် ၁၃ ရက်က ပြုလုပ်တဲ့ မြန်မာ-ထိုင်း-ဗီယက်နမ် ဆန်စပါးလုပ်ငန်းရှင်တွေ တွေ့ဆုံ ဆွေးနွေးပွဲအပြီးမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ [caption id="attachment_37409" align="alignleft" width="300" caption="ရန်ကုန်မြို့ Parkroyal ဟိုတယ်လ်မှာ မတ်လ ၁၃ ရက်နေ့က မြန်မာ-ထိုင်း-ဗီယက်နမ် ၃ နိုင်ငံပူးပေါင်းပြီး Regional Rice Dialogue ကျင်းပခဲ့စဉ်"][/caption] “လယ်သမားတွေကို ပံ့ပိုးတဲ့အပိုင်းမှာ guarantee (အာမခံချက်) အပိုင်းလိုမျိုးကို အစိုးရက သတ်မှတ်ပေးထားတာရှိတယ်။ ဗီယက်နမ်မှာဆို ၃၀ ရာခိုင်နှုန်း အနည်းဆုံးမြတ်မယ်ဆိုရင် သူတို့က ပိုစိုက်ကြတာပေါ့။ ထိုင်းနိုင်ငံမှာဆိုရင် ၂၀၀ ရာခိုင်နှုန်း သူက အမြတ်ရမယ်။ ကျနော်တို့ဆီမှာ ဒါမျိုးတွေ မရှိတဲ့အတွက် လယ်သမားတွေ စိတ်အားထက်သန်မှု နည်းတာပေါ့။ သူတို့ဆီက အမြင်တွေ ကျနော်တို့ ရတာပေါ့။ အနည်းဆုံး အမြတ်ဘယ်လောက်ပေးမယ်ဆိုတာ အစကတည်းက အစိုးရက အာမခံပေးထားတာ။ ကျနော်တို့မှာ မရှိသေးလို့ ပြောနေတာ။ အစိုးရအနေနဲ့ တရားဝင်ပြဋ္ဌာန်းမှ အဆင်ပြေမှာ။ တိုးတက်ချင်ရင်တော့ ကျန်တဲ့တိုင်းပြည်အနေအထားကိုကြည့်ပြီး ကိုယ့်တိုင်းပြည်မှာ လုပ်ပေးသင့်တယ်။” စိုက်ပျိုးရေးပညာရှင် ဦးဘဟိန်းကတော့ အစိုးရအနေနဲ့ အဲ့ဒီလို မက်လုံးပေး ၀ယ်ယူဖို့ မလွယ်လောက်ဘူးလို့ ပြောပါတယ်။ “သူတို့က သိပ်ကောင်းတဲ့ မက်လုံးသဘောလို ဖြစ်နေတာပေါ့။ မြန်မာနိုင်ငံမှာကျတော့ မလွယ်လောက်ဘူး။ အစိုးရမှာ ငွေမရှိဘူး။ ကျနော် အဲလိုတော့ တွက်တယ်။ ကျနော်ခန့်မှန်းကြည့်တာတော့ မဖြစ်နိုင်လောက်ဘူး။ သူတို့ထက်များတာက ကျနော်တို့ဆီမှာ စပါးစိုက်ပျိုးရေးမှာ စွန့်စားမှုများတယ်။ မိုးလွန်မိုးခေါင်တို့၊ ရေကြီးနစ်မြုပ်တို့၊ ပိုးမွှားရောဂါတို့၊ အဲဒီဟာတွေကို ပြောတာ။” အစိုးရအနေနဲ့ ထုတ်လုပ်မှုစရိတ်ထက်ပိုတဲ့ ဈေးနှုန်းတခု သတ်မှတ်ပြီး တောင်သူတွေထံက စပါး ၀ယ်သင့်တယ်လို့လဲ စိုက်ပျိုးရေးပညာရှင်က ပြောပါတယ်။ မတ် ၁၂ ရက်က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က ဆန်စပါးလုပ်ငန်းရှင်တွေ တက်ရောက်ပြီး အသိအမြင် ဖလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာဘက်က မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ တောင်သူလယ်သမားအသင်းနဲ့  ဆန်ကုန်သည်အသင်း စတဲ့ အသင်းအဖွဲ့ ကိုယ်စားလှယ်တွေ၊ ထိုင်းနိုင်ငံက ဆန်တင်ပို့သူများအသင်းနဲ့ ဗီယက်နမ်နိုင်ငံ အစားအသောက်အသင်းတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024