တရားမဝင်လူစုဝေးမှုဖြင့် ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဖမ်းဆီးခံရ

Reuters
1.2K
ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်ဟာ တရားမဝင်လူစုဝေးမှု စွဲချက်တွေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အဖမ်းခံရပါတယ်။
သူနဲ့အတူ ဝါရင့်ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ လီချောင်ယန်နဲ့ ယောင်ဆမ် တို့နှစ်ယောက်လည်း တနေ့တည်းမှာ အဖမ်းခံရပါတယ်။
တရုတ်အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တဲ့ ဂျင်မီလိုင်ကို ရဲတပ်ဖွဲ့က နေအိမ်ကနေ လာရောက်ခေါ်ယူသွားတယ်လို့ Cable TV နဲ့ TVB News တို့က ဖော်ပြပါတယ်။
မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်ကို ပြီးခဲ့တဲ့နှစ် သြဂုတ် ၃၁ ရက် တရားမဝင်ချီတက်ပွဲမှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲထားတယ်လို့ Apple Daily သတင်းစာက ဖော်ပြပါတယ်။
အဲဒီနေ့က လိုင်ဟာ ချီတက်ပွဲမှာ သီချင်းသီဆို ဆုတောင်းရင်း လိုက်ပါသွားခဲ့တယ်လို့ သတင်းစာက ဆိုပါတယ်။
တရားမဝင် လူစုလူဝေးမှာ ပါဝင်မှုနဲ့ ဒီမနက်အစောပိုင်းက လူ သုံးယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့အကြီးတန်း အရာရှိက မီဒီယာတွေကို ပြောခဲ့ပါတယ်။
အဲဒီသုံးယောက်ကို စွဲချက်တင်ထားပြီး မေ ၅ ရက်မှာ တရားရင်ဆိုင်ရမယ်လို့ ရဲတပ်ဖွဲ့က ပြောပေမယ့် ဘယ်သူတွေဆိုတာကိုတော့ မပြောခဲ့ပါဘူး။
အဲဒီနောက် ကောင်းလုံရဲစခန်းကနေ ဂျင်မီလိုင်ကို မာစီဒီးကားအနက်ရောင်နဲ့ ထွက်သွား တာကို တွေ့ရပါတယ်။
ရဲစခန်းကနေ ထွက်လာတဲ့ မီဒီယာလုပ်ငန်းရှင် လိုင်ဟာ တစုံတရာ ပြောခဲ့တာ မရှိဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။