ဆီးရီးယားလေကြောင်းတိုက်ခိုက်မှု တူရကီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံး

Reuters
1.5K
ဆီးရီးယားစစ်တပ်လေကြောင်းတိုက်ခိုက်ရာမှာ တူရကီတပ်ဖွဲ့ဝင် ၃၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ တူရကီတာဝန်ရှိသူတဦးက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
ဆီးရီးယားအနောက်မြောက်ပိုင်း အစ်ဒလစ်တိုက်ပွဲအတွင်း အများအပြားဒဏ်ရာရတယ်လို့ လည်း တူရကီ ဟာတေးပြည်နယ်အုပ်ချုပ်ရေးမှူး ရာမီးဒွန်းက ပြောခဲ့ပါတယ်။
အခုချိန်မှာ တူရကီတပ်ဖွဲ့တွေက ဆီးရီးယားအစိုးရပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်နေ တာပါ။
ရုရှားကျောထောက်နောက်ခံပေးတဲ့ ဆီးရီးယားအစိုးရတပ်တွေဟာ အစ်ဒလစ်ပြည်နယ်ကို သူပုန်လက်ထဲကနေ ပြန်သိမ်းဖို့ ကြိုးပမ်းနေပါတယ်။
အဲဒီသူပုန်အဖွဲ့ကို တူရကီတပ်ဖွဲ့ဝင်တွေက ကူညီထောက်ပံ့နေတာပါ။
အစ်ဒလစ်ပြည်နယ်မှာ ဖြစ်နေတဲ့ပဋိပက္ခ အရှိန်မြှင့်တာနဲ့ပတ်သက်လို့ ဆီးရီးယား အာဏာပိုင်တွေက ပြောကြားတာ မရှိသေးပါဘူး။
အစ်ဒလစ်ပြည်နယ်ဟာ သူပုန်လက်ထဲ ကျန်နေသေးတဲ့ တခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။
မြို့တော်အန်ကာရာမှာ တူရကီသမ္မတ အာဒိုဂန်က အရေးပေါ်လုံခြုံရေးအစည်းဝေး ခေါ်ယူ ပြီးတဲ့နောက် တူရကီစစ်တပ်က ဆီးရီးယားပစ်မှတ်တွေကို စတင်လက်တုံ့ပြန်နေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။