မြဝတီတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ်တချို့နှင့် သစ်ဆိုင်ပျက်စီးဆုံးရှုံး
DVB
·
February 28, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)ရပ်ကွက်မှာ ဒီနေ့မနက်အစောပိုင်းက လျှပ်စစ်မီးကနေတဆင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၃ လုံး မီးလောင်ကျွမ်း ပျက်စီးသွားပါတယ်။
အမှတ်(၂)ရပ်ကွက် မြို့ပတ်လမ်းရှိ နေအိမ်တအိမ်ရဲ့အိမ်ခန်းထဲကနေ မီးစတင်လောင်ရာမှာ အိမ်နီးချင်း ၂ထပ်အိမ်နဲ့ သစ်အရောင်းဆိုင်တို့ကို ကူးစက်လောင်ကျွမ်းပြီး နှစ်ထပ်အိမ် ၂ လုံး၊ သစ်အရောင်းဆိုင်နဲ့အိမ်တွင်းပစ္စည်းတွေ၊ အ၀တ်အထည်တွေနဲ့ ဆိုင်ကယ် ၁ စီး ပါ မီးလောင်ကျွမ်းသွားပါတယ်။
မီးငြှိမ်းသတ်ဖို့ မြဝတီမြို့က မီးသတ်ကားတွေ ဦးစွာရောက်ရှိလာပြီး သင်္ဃန်းညီနောင် မီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေပါ ပူးပေါင်းရောက်ရှိလာကာ ရပ်ကွက်သူရပ်ကွက်တွေ နဲ့ မီးသတ်ယာဉ် ၈ စီးတို့ ဝိုင်းဝန်းမီးငြှိမ်းသတ်ရာမှာ ၄၀ မိနစ်အတွင်း မီးငြိမ်းသွားပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့နေအိမ်ပိုင်ရှင် ဒေါ်ဝင်းမြင့်(ခ) ဒေါ်ကုလားမ ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ မြဝတီရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။
ဖိုးစီ