အီဂါလို မန်ယူနိုက်တက်အတွက် ပထမဆုံး ဂိုးသွင်းယူသည့် နိုင်ဂျီးရီးယား ကစားသမားဖြစ်လာ

ကလပ်ဘရုဂေးကို မန်ချက်စတာယူနိုက်တက်အသင်းက ၅ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ တိုက်စစ်မှူးသစ် အီဂါလိုက ဂိုးစတင်သွင်း ယူနိုင်ခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းမှာ ပထမဆုံးဂိုးသွင်းယူနိုင်တဲ့ နိုင်ဂျီးရီးယား ကစားသမားတဦး ဖြစ်လာပါတယ်။ အီဂါလိုဟာ မန်ယူနိုက်တက်အတွက် စတင်ကစားပေးခဲ့ချိန်ကစလို့ ၃ ပွဲကစားပေးထားပြီး ဂိုးသွင်းယူပေးနိုင်ခြင်း မရှိခဲ့ပေမဲ့ မနေ့ညကပွဲစဉ်မှာတော့ မာတာရဲ့ ဖန်တီးပေးပို့မှုကနေ တဆင့် အီဂါလိုက အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃ဝ အရွယ်ရှိပြီဖြစ်တဲ့ အီဂါလိုဟာ ယူနိုက်တက်ကို ရှန်ဟိုင်းရှန်ဟွာကနေ ၆ လ အငှားစာချုပ်နဲ့ လာရောက်ကစားနေသူဖြစ်ပါတယ်။  အီဂါလိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကလေးဘဝကတည်းက အားပေးခဲ့ပြီး တချိန်ချိန်မှာ ကိုယ်စားပြုကစားပေးနိုင်ဖို့ အီဂါလိုက ရည်မှန်းထားခဲ့တယ်လို့ ဝန်ခံထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up