ကျန်းမာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ သက်ရှိ ကျောက်ကပ် အစားထိုးတာကို ညီအစ်ကို၊ မောင်နှမ အချင်းချင်း၊ မိဘနဲ့ သားသမီးအရင်းတွေကိုပဲ ခွင့်ပြုထားရာကနေ တ၀မ်းကွဲတွေ လှူဒါန်းတာကိုပါ ခွင့်ပြုတဲ့ ဥပဒေ ပြဋ္ဌာန်းပေးဖို့ အမျိုးသား လွှတ်တော်ကရော ကျန်းမာရေးဝန်ကြီးဌာနကပါ သဘောတူလိုက်တဲ့အတွက် ဥပဒေပြဋ္ဌာန်းဖို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။
ဒီအဆိုကို မန္တလေးတိုင်းဒေသကြီး အမှတ် ၉ မဲဆန္ဒနယ်မြေက အမျိုးသားလွှတ်တော် အမတ် ဦးမှတ်ကြီးက တင်သွင်းခဲ့ပြီး မတ် ၁၃ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။