Friday, June 9, 2023
Homeသတငျးတိုနိုင်ငံခြားထွက်မည့်သူများ D-Form တင်ပြရန်မလိုတော့

နိုင်ငံခြားထွက်မည့်သူများ D-Form တင်ပြရန်မလိုတော့

နိုင်ငံခြားထွက်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ အွန်လိုင်းကနေ ဖြည့်သွင်းပေးပို့ ရယူရတဲ့ D-Form ကို လာမယ့် မတ် ၁၅ ရက်နေ့ကစပြီး တင်ပြစရာ မလိုတော့ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အွန်လိုင်းကနေ D-Form လျှောက်ထားရင် နိုင်ငံပိုင်ဘဏ်မှာ ငွေကျပ် ၂၀၀ သွင်းပြီးကြောင်း ဘဏ်ချလန် နံပါတ်ကို ဖော်ပြရပါတယ်။ လေဆိပ်လ၀ကမှာ D-Form တင်ပြစရာ မလိုတော့တဲ့အတွက် ဘဏ်မှာ ငွေကျပ် ၂၀၀ သွားသွင်းရတဲ့ အလုပ်တခု လည်း သက်သာသွားကြောင်း ပြည်ပထွက်ခွာလေ့ရှိသူ တချို့က ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular