ဂရိနိုင်ငံတွင် ရွှေ့ပြောင်းလာသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့

Reuters
358
ဂရိနိုင်ငံ လက်စ်ဘို့စ်ကျွန်းမှာ ရွှေ့ပြောင်းလာသူများ စခန်းသစ် တည်ဆောက်ရေးကို ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီ ၂၆ ရက်က ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ဒါဟာ စခန်းသစ်တည်ဆောက်ရေး နေရာအနီးမှာ ဒုတိယနေ့အဖြစ် ပဋိပက္ခဖြစ်ခဲ့တာပါ။ ဆန္ဒပြသူတွေက ရဲတွေကို ခဲနဲ့ပစ်ပေါက်ကြပြီး ရဲတွေကလည်း မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
စခန်းသစ်တည်ဆောက်ရေးကို သပိတ်မှောက်တဲ့အနေနဲ့ မိုက်တီလန်းမြို့မှာ မနက်အစောပိုင်းက ရာနဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ပါတယ်။
ဂရိအစိုးရဟာ အသစ်ရောက်လာမယ့် ရွှေ့ပြောင်းလာသူတွေအတွက် ကျပ်တည်းနေတဲ့ စခန်းတွေက လူတွေကို နေရာပြောင်းဖို့ လက်စ်ဘို့စ်ကျွန်းပေါ်မှာ စခန်းသစ်တည်ဆောက်နေတာဖြစ်ပါတယ်။
ရွှေ့ပြောင်းစခန်းတွေမှာ ပျမ်းမျှနေထိုင်ရမယ့်အချိန်ဟာ ၄ လ ဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါပေမဲ့ လက်စ်ဘို့စ်ဒေသခံတွေကတော့ စခန်းသစ်တွေ အချိန်ကြာမြင့်စွာ ရှိလာပြီး စခန်းဟောင်းတွေလို လူတွေ ပြည့်ကျပ်လာမှာကို စိုးရိမ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။