A d v e r t i s e m e n t With Us

သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသည့်ယာဉ်များကို ရေဒါဖြင့် ဖမ်းဆီးတော့မည်

ရန်ကုန်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်မိုင်နှုန်း တနာရီ ကီလို ၁၀၀ အထက် မောင်းတဲ့ ယာဉ်တွေကို လာမယ့် ဧပြီ ၁ ရက်ကစပြီး ရေဒါစက်တွေနဲ့ စောင့်ကြည့် အရေးယူတော့မယ်လို့ အမြန်လမ်းရဲအရာရှိကြီးက ပြောပါတယ်။ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး ၂၀၁ မိုင်စခန်းမှာ န့ ကျင်းပတဲ့ သတင်းသတင်းစာရှင်လင်းပွဲမှာ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ရှင်းလင်းပြောဆိုခဲ့တာလို့ သတင်းထောက်တဦးက ပြောပါတယ်။ ဒီအမြန်လမ်းမကြီးပေါ်မှာ ဖြစ်တဲ့ ယာဉ်မတော်မဆမှုတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းကြတာကြောင့်လို့လည်း ရဲမှူးကြီးက ရှင်းပါတယ်။ စက်ကိရိယာ တစုံကို အမေရိကန်ဒေါ်လာ ၇ သောင်း တန်ကြေးရှိတဲ့ REDFLEX TRAFFIC RADAR နှစ်လုံးကို အတည်တကျမထားဘဲ ရန်ကုန်-မန္တလေး လမ်းတကြော စုန်ချည်ဆန်ချည် ရွေ့လျား (မိုဘိုင်း) သွားလာပြီး မှတ်တမ်းတင် အရေးယူသွားမယ်လို့ ဆိုပါတယ်။ ကနေဒါနိုင်င်လုပ် ဒီကိရိယာကို လွန်ခဲ့တဲ့လပိုင်းတွေက စမ်းသပ်ခဲ့ရာမှာ အရှိန်ပိုယာဉ် ထောင်ကျော် ဖမ်းဆီးရမိပြီး အများစုက အိမ်သုံးယာဉ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/CAR MEETING/] Read more

A d v e r t i s e m e n t With Us

More News
Up