တက္ကစီကားပေါ်မှ ကိုယ်ဝန်ဆောင်မိခင်အား ထိုင်းယာဉ်ထိန်းရဲက ကလေးမွေးပေး

mgronline.com
1.1K
ထိုင်းနိုင်ငံဘန်ကောက်၊ ဒင်းဒဲန်းနယ်မြေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က တက္ကစီကားပေါ်ရှိ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို ထိုင်းရဲတွေက ကလေးမွေးပေးခဲ့ရ ပါတယ် ။
အဲဒီနေ့ ညနေ ၆ နာရီကျော်လောက်က တက္ကစီကားတစ်စီးပေါ်က ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအရေးပေါ်မီးဖွါးရန်ရှိလို့ အနီးကရဲကင်းဆီလာရောက်အကူအညီတောင်းခဲ့ကြောင်း ၊ ဒါ ကြောင့် အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေယူပြီး မွေးဖွားသည်ထိ ကူညီပေးခဲ့တယ်လို့ ယာဉ်ထိမ်းရဲကင်းက ရဲအုပ်ဖိဆေ့ချ် ဝိဆစ်ချုတ်က ပြောပါတယ်။
ကိုယ်ဝန်ဆောင်မိခင်မှာ အသက် ၂၆ နှစ်ရွယ်ရှိ မေထိနီဘွန်းရတ်ဖြစ်ပြီး သူဟာကိုယ်ဝန်ကို နုပ်ဖလပ်ရာ့ချ်ဌာနီဆေးရုံမှာ အပ်ထားကြောင်း ၊ အဲဒီနေ့က ဗိုက်နာလာတဲ့အတွက် တက္ကစီကားနဲ့ ဆေးရုံအသွားလမ်းမှာ မခံရပ်နိုင်အောင်ဗိုက်နာလာလို့ ကားရပ်ပြီး ရဲကိုအကူအညီတောင်းခဲ့ကာ ရဲကလည်း အနီးဆုံးဖြစ်တဲ့ ရာမာဓိပတိဆေးရုံက အရေးပေါ်လူနာတင်ကားကို ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လူနာတင်ကားရောက်မလာခင် ကလေးက အရင်ထွက်လာလို့ ရဲအုပ်က ဦးစီးပြီး ကလေး နှာခေါင်းနဲ့ ပါးစပ်ထဲက အကျိအချွဲတွေကို ဘောလုံးနဲ့စုတ်ထုတ်တာ၊ အချင်းဖြတ်တာတွေရော သွေးတိတ်အောင်ပါလုပ်ပေးပြီး ကလေးအညစ်အကြေးသုတ်သင်ကာ အနှီးနဲ့ထုတ်ပိုးပြီးတဲ့အထိ အစဆုံးလုပ်ပေးခဲ့ပါတယ်။
ကလေးမှာ မိန်းကလေးဖြစ်ပြီး ကျန်းမာသန်စွမ်းကြောင်း ၊ အာပြဲကြီးနဲ့ငိုနေလို့ ရဲတွေက ကျီစယ်နေပြီး မကြာခင်ဆေးရုံကားရောက်လာတော့ မိခင်ရောကလေးပါ နှစ်ဦးလုံးကို ဆေးရုံကားနဲ့ထည့်ပေးလိုက်တယ်လို့ ရဲအုပ်က ပြောသွားပါတယ်။
ယာဉ်ထိန်းရဲမှ ကလေးမွေးပေးတဲ့ ရုပ်သံကို အောက်ပါလင့်ခ်ထဲ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/watch/?v=1128985404117561
ကိုးကား - မန်နေဂျာအွန်လိုင်း