နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နယူးဒေလီမြို့ရှိ မြန်မာသံရုံးမိသားစုများနှင့်တွေ့ဆုံ
DVB
·
February 27, 2020
အိန္ဒိယနိုင်ငံမှာ တရားဝင် ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ မနေ့ညက နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာသံရုံးနဲ့ စစ်သံရုံးတို့မှ သံရုံးဝန်ထမ်းတွေ ဝန်ထမ်းမိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်ရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်ကနေ ၂၉ ရက်အထိ သွားရောက်နေတာဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ဇနီး ဒေါ်ချိုချိုတို့ဟာ နယူးဒေလီမြို့ရှိ Akshardham ဟိန္ဒူဘုရားကျောင်း သို့သွားရောက်ပြီး ဟိန္ဒူဘုရားကျောင်း အတွင်း လှည့်လည်ကြည့်ရှုခဲ့ တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-MOI