ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)

အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ဝုဒ် Horror ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Invisible Man ! ဒီကားကိုတော့ Blumhouse Productions ကနေ ထုတ်လုပ်လိုက်တာဖြစ်ပြီး Saw ၊ Insidious ရုပ်ရှင်စီးရီးစ်တွေနဲ့ နာမည်ကြီးတဲ့ ဩစတေးလျဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Leigh Whannell က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်အမျိုးသားတယောက်နဲ့ ချစ်ကြိုက်မိခဲ့တဲ့ Cecilia ဆိုတဲ့ မိန်းက လေးဟာ ချစ်သူရဲ့ အနိုင်ကျင့်ခံ၊ နှိပ်စက်ခံ၊ ထိန်းချုပ်ခံ ဖြစ်လာခဲ့ရတဲ့အဆုံး သည်းမခံနိုင် တဲ့ အခြေအနေမှာ အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီသိပ္ပံပ ညာ ရှင် အမျိုးသားက ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ သတင်းနဲ့အတူ ပိုင်ဆိုင်မှုတွေ အားလုံး ကို Cecilia ကို လွှဲပြောင်းပေးခဲ့တဲ့ သေတမ်းစာ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ထင် မှတ်မထားတဲ့ အခြေအနေတွေနဲ့အတူ Cecilia နောက်ကို မျက်စိနဲ့ မမြင်ရတဲ့ လူတ ယောက်က လိုက်နှောက်ယှက်တာတွေ၊ ဒုက္ခပေးတာတွေကို ခံနေခဲ့ရချိန်မှာတော့ ဘာ တွေ ဆက်ဖြစ်လာမလဲ။  သူက ဒီအကြောင်းကို ပြောခဲ့ပေမယ့် ဘယ်သူကမှ မယုံကြည် နိုင်ကြတော့တဲ့ အခြေအနေမှာ ဘယ်လိုတွေ ရင်ဆိုင်ရမလဲ။ တကယ်ပဲ သူ့ချစ်သူက သေ ဆုံးသွားခဲ့တာလား။ ဒါမှမဟုတ် တကယ်ပဲ ကိုယ်ဖျောက်ပြီး ခြောက်လှန့်နေခဲ့တာလား ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဗြိတိန်နာမည်ကြီး စာရေးဆရာ H. G. Wells ရဲ့ ဒီနာမည်နဲ့ ပဲ ရေးသားခဲ့တဲ့ စာအုပ်ကို ရုပ်ရှင်အနေနဲ့ ဖန်တီးပုံဖော်ထားတာပါ။ ၁၉၃၃ ခုနှစ်ကလည်း ဒီကားကို ရုပ်ရှင်ရိုက်ကူးခဲ့သေးတာမို့ ဒါကတော့ နောက်တကြိမ် အပြင်အဆင်သစ်တွေ နဲ့ ရှုစားရမယ့် ရုပ်ရှင် ဖြစ်လာခဲ့တာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Elisabeth Moss နဲ့အတူ တခြား သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Oliver Jackson-Cohen ၊ Aldis Hodge ၊ Storm Reid စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါ တယ်။    ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက် တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ  ၅ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Crime Thriller အမျိုး အစား ရိုမေးနီးယန်းရုပ်ရှင်ကားတကားဖြစ်တဲ့ The Whistlers ! ဒီကားကိုတော့ ရိုမေးနီးယန်းရုပ်ရှင်ဒါရိုက်တာ Corneliu Porumboiu က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ရိုမေးနီးယန်းဘာသာစကားနဲ့ဆိုရင် La Gomera လို့ အမည်ရတဲ့ ဒီရုပ်ရှင်ကား ထဲမှာတော့ ရိုမေးနီးယားနိုင်ငံမြို့တော် Bucharest မှာ အကျဉ်းကျ ဖမ်းဆီးခံထားရတဲ့ စီးပွားရေးသမား Zsolt ကို လွတ်မြောက်အောင် ကယ်တင်ဖို့ ကြိုးစားတဲ့ အကျင့်ပျက်ခြ စားရဲအရာရှိ တယောက်အကြောင်းကို ရှုစားကြရမှာပါ။ အဲဒီလို ကယ်တင်နိုင်ဖို့အတွက် သူဟာ El Silbo လို့ ခေါ်တဲ့ စကားလုံးတွေအစား လေချွန်ပြီး အချက်ပြပြောဆိုဆက် သွယ်ရတဲ့ ဘာသာစကားကို သင်ယူဖို့ ကနေရီကျွန်းစုတွေထဲက တခုဖြစ်တဲ့ La Gomera ကျွန်းဆီရောက်လာခဲ့ချိန်မှာ ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လို ရှုပ်ထွေးတဲ့ မှု ခင်းဇာတ်လမ်းဇာတ်ကွက်တွေ၊ အချိုးအကွေ့၊ အတက်အကျတွေနဲ့ ရိုက်ကူးပုံဖော်ထား မလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ရိုမေးနီးယန်းသရုပ်ဆောင်မင်းသား Vlad Ivanovနဲ့ Catrinel Menghia တို့က အဓိကခေါင်းဆောင်ပြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ Rating NR အဆင့်သတ်မှတ်ထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.6 အထိ ရရှိထားခဲ့ပါတယ်။ ဒီကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival မှာ Official Selection အနေနဲ့ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ နိုင်ငံတကာမှာ လာမယ့် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ ရုပ်ရှင်ကားတကားဖြစ်တဲ့ လေဒီဒိန်းဂျား ! ဒီကားကိုတော့ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မိုးနီလွင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ လေဒီဒိန်းဂျားဆိုတဲ့အတိုင်း ယုယဇော်၊ ခင်မမ၊ အကြင်နာမိုးစ တဲ့ ဇာတ်ကောင်တွေနဲ့အတူ ဘယ်လိုအလှည့်အပြောင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေ နဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ခါရာ၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ တခြားသရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန် ကုန်မြို့၊ ဂျန်းရှင်းစီးတီး ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို Facebook ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ပရိ သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထိုင်း ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Low Season ! အချစ်ဟာသဇာတ်မြူး ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာ ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ Pee Mak ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ ထိုင်းသရုပ်ဆောင် မင်းသား Mario Maurer နဲ့ သရုပ်ဆောင်မင်းသမီး Ploy Pailin Thangprabhaporn တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။ Lin ဆိုတဲ့ ကောင်မလေးဟာ ပရလောက ဝိညာဉ်လောကသားတွေကို မြင်မြင်နေ ရတဲ့အတွက် ချစ်သူက သူ့ကို စိတ်ကုန်ပြီး အဆင်မပြေဖြစ်ကာ လမ်းခွဲခဲ့ရပါတယ်။  အဲဒီ နောက်တော့ Single တယောက်ဖြစ်လာခဲ့တဲ့ သူဟာ စိတ်ပြေလက်ပျောက် နိုင်ငံ မြောက်ဘက်ပိုင်းဆီ တကိုယ်တော် ထွက်လာခဲ့ပါတယ်။ ခရီးသွားရာသီမဟုတ်တဲ့ Low Season ဖြစ်တဲ့အတွက် ခရီးသွားတွေလည်း တွေ့ရနည်းမယ်လို့ မျှော်လင့်ထားခဲ့တာပါ။ အဲဒီခရီးစဉ်တလျှောက်မှာလည်း သူဟာ ဝိညာဉ်လောကသားတွေကို မြင်နေရဆဲဖြစ်ပြီး Put ဆိုတဲ့ကောင်လေးတယောက်နဲ့ အမှတ်မထင် ဆုံခဲ့ရပါတယ်။ Put ဟာ သရဲဇာတ် လမ်းရေးဖို့ ဇာတ်လမ်းရှာနေတဲ့ ဇာတ်ညွှန်းရေးဆရာတယောက်ဖြစ်ပြီး Lin ဟာ သူ့အ တွက် စာရေးဖို့ ကုန်ကြမ်းဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမယ့် Lin ဟာ ပရလောကသားတွေကို မြင်နိုင်တယ်ဆိုတာကို မသိခဲ့ဘဲ တောင်တက် ခရီးကြမ်းကို စွန့်စားခန်းထွက်ကြရင်း သူတို့ မေတ္တာမျှသွားကြချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လိုတွေ ကြုံတွေ့ရဦးမလဲ ဆိုတာတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ပြီး ရုံတင်ပြသ နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသတော့မှာမို့လို့ ပရိသတ်တွေအတွက် ရွေး ချယ်တင်ဆက်ပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ရွာဇော်ကြီး ! ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ကိုကျော်ရဲ့ ဇာတ် လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ အလတ်ကောင်၊ မှုံကြီးစတဲ့ ဇာတ်ကောင်တွေနဲ့အတူ ရွာဇော် ကြီးဆိုတဲ့အတိုင်း ကျေးလက်သဘာဝ ဟာသဆန်ဆန် အကျော်အခွ ဇာတ်လမ်းဇာတ် ကွက်တွေ၊ ပုံရိပ်တွေနဲ့ သရုပ်ဆောင်မှုတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ နေနော်၊ ယွန်းရွှေရည်တို့နဲ့ တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ရွာဇော်ကြီး ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက် နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေအကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up