မေသန်းနု၏အမှုအတွက် ညှိနှိုင်းမရသဖြင့်  ဥပဒေအရဖြေရှင်းမည်ဟု စင်ရော်မောင်မောင်ပြော

ရုပ်ရှင်သရုပ်ဆောင်မေသန်းနုရဲ့ အမှုအတွက် ငွေရေးကြေးရေးညှိနှိုင်းခဲ့ရာမှာ ညှိနှိုင်းမရတော့တဲ့အတွက် ဥပဒေအရဖြေရှင်းသွားမှာဖြစ်တယ်လို့ ခင်ပွန်းဟောင်းဖြစ်သူ စင်ရော်မောင်မောင်က ပြောပါတယ်။ သရုပ်ဆောင် ဒေါ်သန်းသန်းဆင့်(ခ)မေသန်းနုကို ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀နဲ့ ရန်ကင်းမြို့နယ်တရားရုံးက ဇန်နဝါရီ  ၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ထားပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူ စင်ရော်မောင်မောင်ကတော့ သရုပ်ဆောင်မေသန်းနုအမှုအတွက် တရားလိုဘက်ကို ငွေရေးကြေးရေးညှိနှိုင်းခဲ့ရာမှာ ညှိနှိုင်းမရတော့တဲ့အတွက် ဥပဒေအရဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့သရုပ်ဆောင်မေသန်းနုကို နောက်တိုးအမှုအဖြစ် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာလည်း တရားစွဲဆိုထားပါတယ်။  နောက်တိုးအမှုအဖြစ်စွဲဆိုတဲ့အမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ် အမိန့်ချမှတ်မှာဖြစ်ပြီး တရားလိုဒေါ်စန်းစန်းမြင့်ရဲ့  လှည်းတန်းရှိ နေအိမ်ကို ၂၀၁၄ ခုနှစ်မှာ အပေါင်ပေးခဲ့ပြီးတာ ၂၀၁၆ မှာ အိမ်အပေါင်ဆုံးခဲ့တာကြောင့် သရုပ်ဆောင် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနုကို နောက်တိုး တရားခံအဖြစ် တရားစွဲဆိုခဲ့တာပါ။ ပုဒ်မ ၄၂၀ နဲ့ သရုပ်ဆောင်မေသန်းနုကို တရားစွဲဆွဲထားတဲ့အမှုကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ကျေအေးဖို့ရှိမရှိ မေးမြန်းရာမှာတော့ နှစ်ဖက်စလုံးက ကျေအေးမပေးဘူးလို့ ပြောဆိုထားပါတယ်။  ကြိုတင်အပြီးသတ်ညှိနှိုင်းမှုအတွက် လာမယ့်ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up