Home
မြန်မာသတင်း
အသစ်ထပ်မံထုတ်လုပ်လိုက်သည့် realme C3  
DVB
·
February 26, 2020
အခုအသစ်ထွက်ရှိလာတဲ့ realme C3 ဖုန်းဟာ လူငယ်တွေအတွက် Gaming စွမ်းဆောင်ရည်အတွက် Budget Level Helio G70 Processor တပ်ဆင်ပေးထားသလို ဓာတ်ပုံမှတ်တမ်းတင်လိုသူတွေအတွက်  Triple Camera အသုံးပြုပေးထားပါတယ်။ ဘက်ထရီသက်တမ်း ကြာရှည်ခံမယ့် 5000 mAh အသုံးပြုပေးထားပြီး ဖုန်းမျက်နှာပြင် အရွယ်အစားကို HD+ IPS LCD အမျိုးအစား ၆ ဒသမ ၅လက်မ အရွယ်အစား အသုံးပြုထားပါတယ်။ ကင်မရာပိုင်းမှာတော့ 12MP+2MP+2MP ကင်မရာ ၃ လုံး တပ်ဆင်ပေးထားပြီး ပင်မ 12 MP ကင်မရာမှာဆိုရင်တော့ အလင်းဝင်ပေါက် F/1.8 ထားပါတယ်။  ဒီဇိုင်းပိုင်းမှာတော့ အရင် dewdrop ဒီဇိုင်းထက် မျက်နှာပြင်နေရာယူမှု 30.9% ပိုသေးငယ်တဲ့ mini drop display ကို အသုံးပြုထားပြီး မျက်နှာပြင်အရွယ်အစားဟာ HD+ ရုပ်ထွက်အရည်အသွေးရှိတဲ့ ၆.၅ လက်မရှိပါတယ်။ ကာလာအနေနဲ့ကတော့ လူငယ်တွေ အကြိုက်တွေ့စေမယ့် Blazing Red နဲ့ Frozen Blue အရောင် ၂ မျိုး ထုတ်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ realme C3 စမတ်ဖုန်း (RAM 2GB+ 32GB ROm) ကို ၁၆၉,၉၀၀ ကျပ်၊ realme C3 (RAM 3GB+ 32GB ROM) ကို ၁၉၉,၉၀၀ ကျပ်တို့နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024