မင်းတပ်မြို့နယ်တွင် လူနေအိမ်မီးလောင်ပြီး ကလေးငယ် ၂ ဦးသေဆုံး
DVB
·
February 26, 2020
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တောထဲကျေးရွာက နေအိမ်တလုံးမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက မီးထွန်းထားတဲ့ ဘထ္ထရီအိုး အပူလွန်ကဲရာကတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ကလေး ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးဂေရွှီ ရဲ့ နေအိမ်အတွင်းအိပ်နေတဲ့ သားဖြစ်သူ မောင်ရွှီနိုင်း(၅ နှစ်)နဲ့ မောင်ရွှီမောင်း(၂)နှစ်တို့ ခန္ဓာကိုယ်အနှံ့ မီးလောင် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။
အိမ်ရှင် ဦးဂေရွှီရဲ့ ယာတံတောင်၊ ဝဲလက်ခုံမှာလည်း မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး ဦးဂေရွှီကို မင်းတပ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅(ပေါ့လျော့မှုကြောင့် လူသေမှု၊ မီးလောင်မှု)နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။