Home
မြန်မာသတင်း
ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေး
စိုးမိုးအောင်
·
February 26, 2020
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ရန်ကုန်တိုင်းအတွင်းက နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲကို ရန်ကုန်မြို့ Best Western Green Hillဟိုတယ်မှာ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပနေပါတယ်။  ဒီတွေ့ဆုံပွဲမှာ ရွေးကောက်ပွဲဥပဒေနဲ့နည်းဥပဒေ ပြင်ဆင်သတ်မှတ်ချက်တွေအပေါ် နိုင်ငံရေးပါတီတွေကို ရှင်းလင်းခဲ့သလို နိုင်ငံရေးပါတီတွေလိုက်နာရမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေကို ရှင်းလင်းခဲ့ပါတယ်။  ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေပြင်ဆင်မှုထဲမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြင်ဆင်ထားမှုတွေ၊ မဲဆန္ဒရှင်တွေအနေနဲ့ လက်ရှိနေထိုင်ရာဒေသတွေမှာ အရင်ရက်ပေါင်း ၁၈၀ ပြည့်မှ မဲပေးလို့ရမယ့်အပေါ် လက်ရှိမှာတော့ ရက်ပေါင်း ၉၀ ပြည့်ရင် မိမိနေထိုင်ရာဒေသမှာ မဲပေးခွင့် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ ဒါ့အပြင်၂၀၂၀ရွေးကောက်ပွဲမှာ ပါတီအချင်းချင်းပြဿနာဖြစ်ပွားတဲ့အခါ အငြင်းပွားမှု ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းက ပါတီ ၅၀ လောက်တက်ရောက်ခဲ့သလို ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီး မဲဆွယ်စည်းရုံးမှု လုပ်တာ၊ ကိုယ်စားလှယ်လောင်း တင်သွင်းတာတွေ၊ ကြိုတင်မဲပေးတာနဲ့ မဲဆန္ဒရှင်တွေကို အသိပညာပေးတာ တွေအပေါ် ကော်မရှင်က နိုင်ငံရေးပါတီတွေကို ရှင်းလင်းခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024