ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နှင့် တောင်ကိုရီးယား စစ်သင်တန်းများ လျှော့ချ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအပေါ်  စိုးရိမ်မှုမြင့်နေတာကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တွေဟာ စစ်ရေးသင်တန်းတွေကို ပြန်လျှော့ချနေတယ်လို့ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံ လူဦးရေ စုစုပေါင်း ၈၃၃ယောက်ရှိပြီး ကူးစက်ခံ အများစုက နိုင်ငံရဲ့ စတုတ္ထအကြီးဆုံးမြို့ ဒေဂူမှာရှိကြလို့ Asiana Airlines နဲ့ Korean Air လေကြောင်းလိုင်းတွေက ဒေဂူမြို့ဆီ လေယာဉ်ပျံသန်းမှုကို နောက်လအထိ ဆိုင်းငံ့ထားပါတယ်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ချန်းကယောင်းဒူးနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာ့ခ်အဲ့စ်ပါတို့ဟာ ဝါရှင်တန်မြို့မှာ လောလောဆယ် ဆွေးနွေးနေပြီး မြောက်ကိုရီးယားနဲ့ အခြေအနေကို ဆွေးနွေးမယ်လို့ မျှော်လင့်ထားကြပါတယ်။ တောင်ကိုရီးယားမှ ာတပ်ချထားတဲ့ အမေရိကန် တပ်သား ၂၈၅၀၀ ကို ဆက်ထားဖို့အတွက် တောင်ကိုရီးယားအစိုးရက ဘယ်လောက် ပေးမလဲဆိုတာ ညှိုနှိုင်း ဆွေးနွေးနေတာပါ။ အရင်ဆွေးနွေးပွဲ အတော်များများကလည်း တိုးတက်မှုမရှိခဲ့တဲ့နောက် ဒီဇင်ဘာလကုန်မှာ နောက်ဆုံးအကြိမ် သဘောတူညီချက် ပျက်သွားပါတယ်။ ခုတော့ စစ်စခန်းတွေမှာ အလုပ်လုပ်နေတဲ့ တောင်ကိုရီးယား အရပ်သား ထောင်ချီအတွက် ရန်ပုံငွေ ပြတ်လပ်တော့မယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up