သမ္မတ ဒေါ်နယ်ထရမ့် အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးသွားရောက်

Reuters
989
အိန္ဒိယနိုင်ငံကို တရားဝင် ပထမဆုံးခရီးအဖြစ်လာရောက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီး မယ်လင်နီယာတို့ကို အိန္ဒိယအစိုးရက ဖေဖော်ဝါရီ ၂၅ ရက်မှာ တခမ်းတနား ကြိုဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံပြီး လက်နက်ရောင်းဝယ်ရေး ကိစ္စရပ်တွေနဲ့ မကြာသေးခင် လပိုင်းအတွင်း နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ရတဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။
အမေရိကန်ဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရေးထိုးထားပြီး ကနေဒါ ၊ မက္ကဆီကိုတို့နဲ့ သီးခြားသဘောတူညီချက်ယူထားပါတယ်။
အခုတော့ သမ္မတထရမ့်ကို သွင်းကုန်ခွန်ဘုရင်ဆိုပြီး ပြောဆိုနေတဲ့ အိန္ဒိယနဲ့ သဘောတူညီချက်ယူဖို့ကြိုးပမ်းနေပါတယ်။ သမ္မတ ထရမ့်အပေါ် လူကြိုက်များမှု ၅၀% အထက်ရှိတဲ့ ကမ္ဘာ့နိုင်ငံကြီး အနည်းငယ်ထဲမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်ပါတယ်။
ထရမ့်ရဲ့ အိန္ဒိယခရီးစဉ်ဟာ အစီအစဉ်တင်ဆက်သူတွေ ဆက်တိုက်လွှင့်တဲ့ သတင်းဖြစ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကို တရားဝင် ပထမဆုံး လာရောက်တဲ့ ထရမ့်ဟာ အခြေအနေ အချိန်အခါနဲ့ အံကိုက်ဖြစ်တယ်လို့ သူတို့က ဆိုကြပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က အမေရိကန် သမ္မတ ထရမ့်နဲ့ ဇနီး မယ်လင်နီယာတို့ဟာ အိန္ဒိယနိုင်ငံရဲ့ အထင်ကရ တပ့်ချ်မဟာ အဆောက်အဦဆီ သွားရောက်ခဲ့ပါတယ်။
အဲဒီလို သွားရောက်ရာမှာ သမ္မတထရမ့်ရဲ့သမီး အီဗန်ကာနဲ့ သမက် ဂျရက်ခွတ်ရှ်နာတို့လည်း အတူလိုက်ပါလာတာကို ရိုက်တာသတင်းမှာ ရေးပါတယ်။