Homeမြန်မာသတင်း
မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများအရေးယူရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ညွှန်ကြား
မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများအရေးယူရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ညွှန်ကြား
DVB
·
February 25, 2020
မြဝတီမြို့မှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားစတဲ့ အမှုတွေကို အရေးယူဖို့နဲ့ မြေယာပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်ပါတယ်။
ဖေဖေါ်ဝါရီ ၂၅ ရက်မနက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကရင်ပြည်နယ် ခရီးစဉ်မှာ မြဝတီမြို့ ပြည်သူလူထုနဲ့ တွေ့ဆုံတဲ့အချိန်မှာ တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာလည်း ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထုအားကိုးရတဲ့ ဌာနတခုဖြစ်လာဖို့အတွက် လုပ်ဆောင်သွားရမယ်လို့လည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုသွားပါတယ်။
ပြီးတော့ နိုင်ငံအတွင်းမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ မတူကွဲပြားတဲ့ ကိုးကွယ်တဲ့ ဘာသာစကားတွေနဲ့ရှိနေတဲ့ ပြည်သူလူထုအနေနဲ့ တယောက်နဲ့ တယောက် အပြန်အလှန် လေးစားယုံကြည်ဖို့နဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ဓာတ်မျိုးထားဖို့ကိုလည်း တိုက်တွန်းပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကရင်ပြည်နယ်ကိုလာရောက်တဲ့ ခရီးစဉ်က အရင်ကနဲ့ မတူဘဲ ကရင်ပြည်နယ်တိုးတက်ပြောင်းလဲသွားမယ်လို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ဖေဖော်ဝါရီ ၂၅ ရက်အထိ ကရင်ပြည်နယ်ခရီးစဉ်လာရောက်နေတာဖြစ်ပြီး ခရီးစဉ်အတွင်း ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲစတဲ့ မြို့တို့မှာ ပြည်သူလူထုနဲ့ တွေ့ဆုံသွားမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ကရင်ပြည်နယ်ကို သွားရောက်ခဲ့ပါသေးတယ်။
ဖိုးစီ