ပရီးမီးယားလိဂ်ကြားပွဲစဉ်တွင် လီဗာပူးက ဝက်စ်ဟမ်းကို (၃-၂) ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

1.3K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ကြားပွဲစဉ်မှာ လီဗာပူးက ဝက်စ်ဟမ်းကို ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ဖို့ တဖြည်းဖြည်း နီးစပ်လာပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးတွေကို ဝီနယ်ဒန်၊ ဆာလက်နဲ့ မာနေးတို့က သွင်းယူပါတယ်။ လီဗာပူးဟာ အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
ဒီပွဲအပြီးမှာ လီဗာပူးအသင်းဟာ ဇယားထိပ်ဆုံးမှာ ရမှတ် ၇၉ မှတ်နဲ့ ဦးဆောင်နေပြီး အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးကို ၂၂ မှတ်အသာနဲ့ ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။
နိုင်ပွဲဆက်နေတဲ့ လီဗာပူးဟာ နောက်ထပ် ၄ မှတ်ရရင် နှစ်ပေါင်း ၃၀ လောက် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။