ကာမိုင်းမြို့တွင် အင်အား ၄.၃ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
February 24, 2020
ကချင်ပြည်နယ် ကာမိုင်းမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄.၃ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၂ နာရီ၊ ၀၃ မိနစ်၊ ၂၅ စက္ကန့်အချိန်က မြစ်ကြီးနားမြေငလျင်စခန်းကနေ အနောက်ဘက် ၄၃ မိုင် ခန့်ကွာဝေးသော ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၆ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၅၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၇၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။