ဒူဘိုင်း တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရိုးမေးနီးယား တင်းနစ်မယ် ဗိုလ်စွဲ

757
ဒူဘိုင်း တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ပြိုင်ဘက် အယ်လီနာရီဘာကီနာကို ၃-၆၊ ၆-၃၊ ၇-၆၊ ၇-၅ နဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့အဆင့် ၂ တင်းနစ်မယ် ဆီမွန်နာဟာလက်ဟာ အကြိမ် ၂၀ မြောက် WTA ချန်ပီယံဘွဲ့ကို ဆွတ်ခူးရရှိသွားပါတယ်။
ရိုးမေးနီးယား တင်းနစ်မယ်ဟာ ဇန်နဝါရီလက သြစတြေးလျ အိုးပင်တင်းနစ်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သူဖြစ်ပြီး အခုဗိုလ်လုပွဲစဉ်မှာ အစောပိုင်း ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း ပြန်လည်လက်စွမ်းပြနိုင်ခဲ့ပြီး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
အသက် ၂၀ အရွယ် ရီဘာကီနာအတွက်တော့ ဒီပွဲစဉ်ဟာ အခုနှစ်ရဲ့ လေးခုမြောက် ဗိုလ်လုပွဲ ဖြစ်ခဲ့ပြီး ဂလင်းဆလမ်း နှစ်ကြိမ် ရရှိထားတဲ့ ဟာလက်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
“ကျမ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အရမ်းကို အနိုင်ရချင်ခဲ့ပါတယ်”လို့ ဟာလက်က ပြောပါတယ်။
ကမ္ဘာအဆင့် ၁၉ ကို ရောက်ရှိနေပြီဖြစ်တဲ့ ရီဘာကီနာဟာ ထိပ်ဆုံးတင်းနစ်မယ် အယောက် ၅၀ စာရင်းကို စက်တင်ဘာလမှာ ဝင်ရောက်နိုင်ခဲ့သူပါ။
သူမဟာ ဒီပွဲစဉ်အပြင် ၂၀၂၀ ခုနှစ်အတွင်း ဆွစ်ဇာလန် အိုးပင်းပြိုင်ပွဲ၊ စိန့်ပီတာစဘတ် အမျိုးသမီးဖလားပြိုင်ပွဲတို့ရဲ့ ဗိုလ်လုပွဲစဉ်အထိ တက်လှမ်းနိုင်ခဲ့သူဖြစ်ပြီး ဟိုးဘတ်အင်တာနေရှင်နယ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
Aviation Club တင်းနစ်စင်တာမှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ခြင်းဟာ အရင်ကမ္ဘာ့ အဆင့်-၁ တင်းနစ်မယ် ဟာလက်အတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံးသော အောင်မြင်မှုလည်း ဖြစ်ပါတယ်။
“ဒါဟာ လုံးဝကို ကောင်းမွန်တဲ့ပွဲစဉ်တပွဲပါ။ ကျမ အခုချိန်မှာတော့ အရမ်းကို ပျော်ရွှင်နေ ပါတယ်။ ရီဘာကီနာဟာ အခုချိန်မှာ အသက်ငယ်ငယ်လေးပဲ ရှိနေပြီးတော့ နောက်ထပ် ပြိုင်ပွဲပေါင်းများစွာ ထပ်မံယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ခက်ခက်ခဲခဲ ရှိခဲ့ပြီးတာ့ ဒီတပတ်အတွင်း အကောင်ဆုံး ကြိုးစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်” လို့လည်း ဟာလက်က ပြောပါတယ်။