A d v e r t i s e m e n t With Us

ဖာနန်ဒက်စ် ကစားပုံ ပေါလ်စခိုးနှင့်တူကြောင်း ဆိုးလ်ရှား ချီးကျူး

ဘရူနိုဖာနန်ဒက်စ်ဟာ ပေါလ်စခိုးရဲ့ ကစားပုံနဲ့ ဆင်တူတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။ ပေါလ်စခိုးဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၁၁ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောက်ရှိလာတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက် ၄ ပွဲ ပါဝင်ကစားခဲ့ပြီ ဖြစ်ပါတယ်။  နည်းပြ ဆိုးလ်ရှားကတော့ ဖာနန်ဒက်စ်ရဲ့ ကစားပုံကို မြင်ရတာဟာ အသင်းဖော်ဟောင်း ပေါလ်စခိုးကို သတိရစေတယ်လို့ ပြောပါတယ်။  ဒါပေမဲ့ ကွင်းပြင်ပမှာတော့ ကွဲပြားခြားနားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး ဖာနန်ဒက်စ်ဟာ ဦးဆောင်နိုင်စွမ်းရှိတဲ့သူ ဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  ကလပ်ဘရုဂျက်နဲ့ပွဲမှာလည်း အရန်ခုံတန်းမှာ ရှိပေမယ့် ပွဲအတွင်းက ကစားသမားတွေကို ကူညီပြောကြားခဲ့ပြီး သူ လူစားဝင်ကစားတဲ့အချိန်မှာ အသင်းရဲ့ ကစားပုံကို ဟန်ချက်ညီသွားတယ်ဆိုတာ တွေ့မြင်နိုင်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up