၂ ပွဲဆက်နိုင်ပွဲပျောက်ခဲ့သဖြင့် ဆိုးရွားသည့်အချိန်ရောက်နေပြီဟု ရီးယဲလ်နည်းပြဇီဒန်းပြော

531
ပြီးခဲ့တဲ့ ၂ ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့လို့ ဆိုးရွားတဲ့အချိန်ရောက်ရှိနေတယ်လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကပြောကြားလိုက်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ လီဗန်တေးအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ၁ ဂိုးဂိုးမရှိနဲ့ ရှုံးပွဲကြုံခဲ့ရတာပါ။
ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဆယ်တာဗီဂိုအသင်းနဲ့ အိမ်ကွင်းမှာ ၂ ဂိုး စီသရေကျခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ၂ ပွဲဆက်တိုက် အမှတ်လျော့ခဲ့တာကြောင့် ပြိုင်ဘက် ဘာစီလိုနာအသင်းကို ဦးဆောင်ခွင့်ပေးလိုက်ရပါတယ်။
ကစားသမားတွေဘက်က ပေးဆပ်က စားခဲ့ကြပေမယ့်လည်း ဘောလုံးမှာအရေးကြီးဆုံးအရာဖြစ်တဲ့ ဂိုးသွင်းဖို့ ပျက်ကွက်ခဲ့ပြီး စိတ်ပျက်စရာဖြစ်ခဲ့ရတယ်လို့ နည်းပြဇီဒန်းကပြောပါတယ်။
ဒါပေမယ့်လည်း ဘောလုံးမှာဖြစ်လေ့ဖြစ်ထရှိတာကြောင့် ခေါင်းမော့ရင်ကော့ပြီး ဆက်လက်ကြိုးပမ်းသွားရမှာဖြစ်တယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။
ရီးယဲလ်အသင်းဟာ လီဗန်တေးနဲ့ပွဲမှာ တောင်ပံတိုက်စစ်ကစားသမားဟာ ဇက် ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရဖို့ရှိတယ်လို့သိရပါတယ်။