မြစ်ရေကြီးမှုကြောင့် အင်ဒိုနီးရှား ကျောင်းသား ၈ ဦးသေဆုံး၊ ၂ ဦး ပျောက်ဆုံး

Antara Foto/Andreas Fitri Atmoko/via Reuters
1.5K
အင်ဒိုနီးရှားနိုင်ငံ ယိုဂယာကာတာခရိုင်မှာ မြစ်ရေကြီးနေချိန်အတွင်း ဖေဖော်ဝါရီ ၂၁ ရက်က ကျောင်းကစီစဉ်တဲ့ ခရီးစဉ်နဲ့ ခရီးသွားနေတဲ့ ကျောင်းသား ၈ ယောက်ထက်မနည်း ရေစီးနဲ့မျောပါ သေဆုံးပြီး ၂ ယောက်ထက်မနည်း ပျောက်နေတယ်လို့ ကပ်ဘေးစီမံရေး အရာရှိတွေက ပြောပါတယ်။
အလယ်တန်းကျောင်းသား ၂၅၀ ဟာ မြစ်ကမ်းဘေးတလျှောက် လမ်းလျှောက်နေတုန်း မြစ်ရေကျလာလို့ ရေနစ်ခဲ့ကြတာပါ။
နောက်ဆုံးရ ကိန်းဂဏန်းတွေကို အမျိုးသားကပ်ဘေးလျော့ပါးသက်သာရေးအေဂျင်စီရဲ့ ပြောခွင့်ရ ဖေဖော်ဝါရီ ၂၂ ရက်မှာ မီဒီယာကို သတင်းထုတ်ပြန်ပါတယ်။
ရဲတွေ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး ဒေသခံ ရွာသားတွေလည်း ကူညီရှာဖွေပေးနေတယ်လို့ ဒေသခံ ရွာသူကြီးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။