မော်လိုက်မြို့တွင် မြေငလျင်လှုပ်
DVB
·
February 23, 2020
စစ်ကိုင်းတိုင်း မော်လိုက်မြို့မှာ မနေ့ညက အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ္။
ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈ နာရီ၊ (၀၁)မိနစ်၊ ၀၉ စက္ကန့်အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်ကွာဝေးတဲ့ မော်လိုက်မြို့ရဲ့ အရှေ့မြောက်ဘက် ၁၈ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၈ ဒီဂရီ၊ အနက် ၇၈ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့မှာလည်း ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်း ၁ နာရီကျော်လောက်က အင်အား ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။