မဟာဗန္ဓုလပန်းခြံတွင် ဓာတ်ပုံပြပွဲ ပြုလုပ် (ဓာတ်ပုံ)






3K
ကမ္ဘာတဝန်းမှာဖြစ်ပွားနေတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် လူမှုအသိုင်းအဝိုင်း ပြသာနာများကို ထပ်ဟပ်စေမယ့် ပြည်တွင်း နဲ့ ပြည်ပအထင်ကရ ဓာတ်ပုံပညာရှင်တွေရဲ့ ဓာတ်ပုံ ၂၀၀ ကျော်ကို မဟာဗန္ဓုလပန်းခြံမှာ ရန်ကုန်ဓာတ်ပုံပွဲတော် ဖွင့်ပွဲအခမ်းအနား တစိတ်တပိုင်းအဖြစ် ပြသထားပါတယ်။
ရန်ကုန်ဓာတ်ပုံပွဲတော်ကို မဟာဗန္ဓုလပန်းခြံ၊ ရန်ကုန်ဘူတာကြီး၊ Rose Wood Hotel၊ Gothe Institut၊ ပြင်သစ်ယဉ်ကျေးမှုဌာန၊ မြန်မာဒိဌ၊ ဒလကူးတို့သင်္ဘော စတဲ့နေရာတွေမှာ ကျင်းပနေတာဖြစ်ပါတယ်။