ရွေးကောက်ပွဲမနှောင့်ယှက်ရန် အမေရိကန် ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်း ရုရှားကို သတိပေး

အမေရိကန်ရွေးကောက်ပွဲတွေမှာ ဝင်မနှောင့်ယှက်ဖို့ ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း ဘာနေဆန်းဒါးစ်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ရုရှားကို သတိပေး လိုက်ပါတယ်။  ဆန်းဒါးစ်မဲဆွယ်ပွဲကို ရုရှားအစိုးရ ကူညီဖို့လုပ်နေတယ်ဆိုပြီး အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ပြောပြီးတဲ့နောက်မှာ ဆန်းဒါးစ်က ရုရှားကို သတိပေးလိုက်တာပါ။  အမေရိကန်အရာရှိတွေဟာ ရုရှား ကြိုးပမ်းချက် ဆန်းဒါးစ်ကို ပြောခဲ့သလို သမ္မတ ထရမ့်နဲ့ လွှတ်တော်အမတ်တွေကိုလည်း အကြောင်းကြားခဲ့တယ်လို့ အဲဒီအကြောင်းအရာနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရက ဘယ်လိုပုံစံနဲ့ ကူညီဖို့ ကြိုးပမ်းခဲ့လဲဆိုတာကိုတော့ သတင်းစာက မဖော်ပြပါဘူး။ သမ္မတထရမ့် ပြန်ရွေးကောက်ခံရရေးအတွက် ရုရှားက အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်း မဲဆွယ်ပွဲတွေမှာ ဝင်နှောင့်ယှက်နေတယ်ဆိုတဲ့ ပြောကြားချက်ကို ရုရှားအစိုးရက ဖေဖော်ဝါရီ ၂၁ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။ အသက် ၇၈ နှစ်ရှိတဲ့ ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း ဘာနေဆန်းဒါးစ်ဟာ  ဒီမိုကရက် သမ္မတလောင်းဖြစ်ဖို့ ရေပန်းစားနေပြီး နီဗားဒါးပြည်နယ် ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်းပြိုင်ပွဲမှာ အနိုင်ရမယ်လို့ မျှော်လင့်ရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up