တောင်ကိုရီးယား ဒယ်ဂူမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု တပ်လှန့်ထား

YONHAP/AFP via Getty Images
1.5K
တောင်ကိုရီးယားနိုင်ငံရဲ့ စတုတ္ထမြောက်လူဦးရေ အများဆုံး ဒယ်ဂူမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု တပ်လှန့်သတိပေးထားတာကြောင့် ခါတိုင်းဝတ်ပြုသူ ထောင်ချီရှိတဲ့ ဘုရားကျောင်းဟာ ဖေဖော်ဝါရီ ၂၁ ရက်က ငြိမ်သက်မည်းမှောင်နေပါတယ်။
ဒီနေ့မနက်ပိုင်းထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် ၁၄၂ ယောက်တွေ့ရှိတာကြောင့် အခုဆိုရင် တောင်ကိုရီးယားတနိုင်ငံလုံးမှာ ကူးစက်ခံရသူ စုစုပေါင်း ၃၄၆ ယောက် ရှိသွားပါပြီ။
ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ အများစုဟာ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး တက်တဲ့ ရှင်ချွန်ဂျီ ဘုရားကျောင်းကနေ စတင်ခဲ့တာပါ။
အခုတော့ ဘုရားကျောင်းတက်သူ ၉၀၀၀ ခန့်ဟာ အိမ်မှာ သီးခြားစောင့်ကြည့်ခံနေရတယ်လို့ ဘုရားကျောင်းအသင်းဝင်တဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ဒယ်ဂူမြို့က လူအယောက် ၅၀၀ ကျော်မှာ ဖေဖော်ဝါရီ ၂၁ ရက်က ဗိုင်းရပ်စ်ကူးစက်ခံ လက္ခဏာတွေ တွေ့ရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောခဲ့ပါတယ်။
ဘုရားကျောင်းအနီး ဈေးဆိုင်အတော်များများကို ဘုရားကျောင်းအသင်းဝင်တွေ ပိုင်ကြပြီး အခုအခါမှာတော့ ပိုင်ရှင်တချို့မှာ ဗိုင်းရပ်စ်တွေ့တာကြောင့် ဈေးဆိုင်တွေကို ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုရားကျောင်းနဲ့ဝေးရာ ဈေးဆိုင်တွေကို ဖွင့်ထားပေမယ့် ဆိုင်ထဲမှာတော့ ဘာမျှ မရှိသလောက် ဖြစ်နေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။