မဲလ်ဘုန်းတွင် ရထားတွဲချော်၊၂ ဦး သေဆုံး

Reuters
758
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ပြင်မှာ ဖေဖော်ဝါရီ ၂၀ ရက်က ရထားတစင်း တွဲချော်ခဲ့ပြီး လူ နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် လူ ၁၁ ယောက် အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဗစ်တိုးရီးယားရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ရထားတွဲချော်ရာမှာ ရထားမောင်းသူ အမျိုးသားနဲ့ ယာဉ်မှူး အမျိုးသမီးတို့ သေဆုံးခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။
ရထားဟာ ဆစ်ဒနီမြို့ကနေ ထွက်လာပြီး မဲလ်ဘုန်းနဲ့မိုင် ၃၀ အကွာ ဝေါ်လန်မြို့အနီးမှာ တွဲချော်ခဲ့တာပါ။
ရထားတွဲချော်ချိန် ရထားပေါ်မှာ ခရီးသည် ၁၅၃ ယောက် လိုက်ပါလာတယ်လို့ ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ စုံစမ်းရေးမှူးက ပြောခဲ့ပါတယ်။
ဒဏ်ရာရသူ ၁ ယောက်ကို ရဟတ်ယာဉ်နဲ့ မဲလ်ဘုန်းဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ၄ ယောက်ကိုတော့ ဒုတိယဆေးရုံကို ပို့ခဲ့တယ်လို့ ဗစ်တိုးရီးယားလူနာတင်ယာဉ် ဝန်ဆောင်မှုကေ ပြောခဲ့ပါတယ်။
ဒဏ်ရာရသူတွေရဲ့ အခြေအနေ တည်ငြိမ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။